နေပြည်တော် ဒီဇင်ဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန(Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်(အကြို) ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သရုပ်ပြခြင်းအား Onlineမှတင်ဆက်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အလယ် တန်းကျောင်း သမီးငယ်လေးများက Physical Fitness Dance သရုပ်ပြကပြခြင်းကို ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သည် လူ့ခန္ဓာကိုယ် တစ်ခုလုံး၏အစိတ်အပိုင်း ၊ အကြောအဆစ်များ ပျော့ပျောင်းစေသည့်အပြင် သွေးလည်ပတ်မှုနှင့် အသက်ရှူမှုကို ပိုမိုကောင်းမွန်အောင် မြှင့်တင်အားပေးသည့် သွေးပူလေ့ကျင့်ခန်း ဖြစ်သောကြောင့် လူတိုင်းနေ့စဉ်မပျက်မကွက် ကစားသင့်သည့် ကျန်းမာရေးအတွက် အထောက် အကူပြု ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြစ်၍ Onlineမှတင်ဆက်ခြင်းဖြင့် လူကြီးလူငယ်မရွေး လိုက်ပါကစားနိုင်သည့် အားကစားလှုပ်ရှားမှုတစ်ခု ဖြစ်သည်။
ဒက္ခိဏခရိုင်ရုံးအနေဖြင့် အသိပညာပေးTalk Showများ၊ ပုံပြောကဗျာရွတ်ခြင်းများ၊ ဟောပြောပွဲများ စသည့် အစီအစဉ်များစွာကို Online မှ ရိုက်ကူးတင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)