လိပ်သို ဒီဇင်ဘာ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ လ္ဘက်အင်းကြီးကျေးရွာအုပ်စု လ္ဘက်အင်းအောက်ကျေးရွာတွင် ယမန်နေ့က လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ လိပ်သိုမြို့ လျှပ်စစ်မှူး ဦးချစ်ကိုကိုတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ လ္ဘက်အင်းလေးကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးဆောင်ရွက်ရာတွင် မြစိမ်းရောင် ရန်ပုံငွေအတိုးရရှိငွေနှင့် ကျေးရွာလူထုမှ ထည်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်မှ 100KVA တည်ဆောက်ပေးခြင်း၊ 11KVဓါတ်အားလိုင်း (၃)မိုင်သွယ်တန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ (၃၅)ကျော် အကျိုးပြုနိုင်ပြီး လ္ဘက်အင်းအောက်ကျေးရွာမှာ လိပ်သိုမြို့၌(၇)ရွာမြောက် လျှပ်စစ်မီးရရှိ၍ ဖွင့်ပွဲပြုလုပ်နိုင်သောကျေးရွာဖြစ်ကြောင်း လိပ်သိုမြို့လျှပ်စစ်မှူးဦးချစ်ကိုကိုထံမှ သိရသည်။
လိပ်သို(ပြန်/ဆက်)