ကော့သောင်း ဒီဇင်ဘာ ၁၉
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအား အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ကျင်းပသည်။
ရှေ့ဦးစွာ ဟောပြောပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေဇင်ဦးက မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ ၊ ကျောင်းနေအရွယ်ကလေးဘဝမှစတင်ကာ နိုင်ငံချစ်စိတ် ၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံ့အချုပ်အချာအာဏာထိန်းသိမ်းကာကွယ်စိတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်း အရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောပြီး ကျောင်းသားကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေး ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း )