ကျောက်ပန်းတောင်းမြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး LED မော်တော်ယာဉ်ဖြင့်လှည့်လည်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ပန်းတောင်း   ဒီဇင်ဘာ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ ညနေ(၃:၃၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့်၊ ပန်းခင်းစီမံချက် အသိပညာပေး LED မော်တော်ယာဉ်နှင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြပြီး၊ လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူး ဦးဝင်းထွဋ်အောင်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးဦးငွေမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစီ အစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက် အသိပညာပေး LED မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်လည်အသိပညာပေးခြင်းများဆောင် ရွက်ခဲ့ပြီး၊ လူစည်ကားရာနေရာများဖြစ်သည့်  ကျောက်ပန်းတောင်း-ပုပ္ပား-မိတ္ထီလာလမ်းဆုံ၊ ဘူတာလမ်းဆုံ၊ မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မြို့နယ်လျှပ်စစ်ရုံးရှေ့နှင့် မီးသတ်လမ်းဆုံအနီးတို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် စုစုပေါင်းစောင်ရေ(၁၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)