တွံတေး သြဂုတ် ၂၃
ကျေးလက်နေပြည်သူများ စာပေကိုပိုမိုဖတ်ရှုလာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သဝန်းတောကျေးရွာ၊ ကျွဲသလင်းကျေးရွာတို့အား နယ်လှည်စာကြည့်တိုက် စာအုပ် ငှားရမ်းခြင်းနှင့် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လစဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီကအဆိုပါ ကျေးရွာများရှိ စာကြည့်တိုက်များအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဦး၊ မြို့နယ်စာကြည့်တိုက်မှူး ဒေါ်ဖြူဖြူဝင်းနှင့် ဝန်ထမ်းများက သဝန်းတောကျေးရွာရှိ ပညာအလင်းရောင် စာကြည့်တိုက်၊ ကျွဲသလင်းကျေးရွာရှိ ပညာ့အလင်းစာကြည့်တိုက်မှ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့် တိုက် ရေရှည်ရှင်သန်ရေးအတွက် စာဖတ်သူတိုးပွားရေး၊ စာအုပ်စာစောင်အသစ်များ တိုးပွားရေး၊ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိရေးနှင့် ကလေးငယ်များ ကိုဗစ် ၁၉ ကာလ စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုစေရေးကို စနစ်တကျနှင့် အိမ်ငှားစနစ်အဓိကထားလုပ်ဆောင်ရန်နှင့် ပြန်အပ်စာအုပ်များကို ပိုးသတ်ဆေးဖြန့်ရန်ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများ၊ အားသာချက် အားနည်းချက်နှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြရာ မြို့နယ်နယ်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)