မချမ်းဘော့ ဒီဇင်ဘာ ၁၇.
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း အများပြည်သူ၊လူငယ်မောင်မယ်များအတွက် အချိန်ကိုကောင်းမွန်စွာ အသုံးချအသုံးပြုလာနိုင်စေရန်အတွက် ဆရာ ဦး ယောဟန် က အွန်လိုင်းမှတဆင့် လူငယ်နှင့်အချိန် ခေါင်းစဉ် ကို ဒီဇင်ဘာ(၁၇)ရက် မွန်းလွှဲ(၁)နာရီက မြို့နယ် Community Centre ခန်းမ၌ဟောပြောသည်။
အသိပညာပေး ဟောပြောရာတွင် လောကကြီးမှာ ပြန်လည်မရရှိနိုင်သည့်အရာများစွာထဲမှ အချိန်ဆိုတဲ့ အရာလည်းတစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လူတိုင်းအချိန်ရဲ့ တန်ဖိုးကိုနားလည်ကြသော်လည်း တန်ဖိုးရှိစွာအသုံးမပြုကြတဲ့လူငယ်များ များပြားလာကြောင်း၊ လူငယ်အများစု ဖုန်းတစ်လုံးနဲ့ အကျိုးမရှိတဲ့အရာတွေကြည့်ပြီး အချိနိဖြုန်းနေကြတယ် တကယ်တော့ မိမိလိုချင်တဲ့ ပညာ၊ဗဟုသုတ အားလုံးက အဲဒီဖုန်းကနေသင်ယူနိုင်ကြောင်း၊ အနာဂတ်မှာ ချမ်းသာကြီးပွားတဲ့ လူငယ်တွေ ဖြစ်ချင်ရင် အချိန်ကို ကောင်းမွန်စွာ အသုံးပြု ရမည်ဖြစ်ကြောင်းဟောပြောသည်။
မချမ်းဘော့(ပြန်/ဆက်)