စဉ့်ကူး ဒီဇင်ဘာ ၁၇
စဉ့်ကူးမြို့နယ်၌ (၇၄)နှစ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဋ္ဌက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲ ကျင်းပနိုင်ရေးဆပ်ကော်မတီဝင်များတက်ရောက်ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က အခမ်းအနားနှင့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြော ကြားပြီးနောက် တက်ရောက်လာသူများနှင့် ညှိနှိုင်းပေါင်းစပ်ခဲ့ရာ ပါဝင်လိုသူများနှင့် ပညာရေးဌာန တို့မှ ထက်၊ လယ်၊ မူစာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ခြေပူးအာလူးကောက်၊ မီတာ (၅၀)စသည့် အားကစားနည်း (၆)မျိုးတို့ အပြင် ကြက်တောင်၊ပိုက်ကျော်ခြင်း၊ ဘောလီဘော၊ စားပွဲတင်တင်းနစ် ဖိတ်ခေါ်ပွဲများဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၄င်းပြိုင်ပွဲအသီးသီးအား လွတ်လပ်ရေနေ့တွင်ကျင်းပပြီးဆုများချီးမြှင့်နိုင်ရေးနှင့် ပတ်သတ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင် ဗိုလ်မှူးသော်တာထွန်းမှ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)