ငါ့သရောက်မြို့ ပြန်/ဆက်ရုံ Community Centre ခန်းမတွင် တောင်သူအသိပညာပေး Talk Show ပြုလုပ်

ငါ့သရောက် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီက၊ အဆိုပါရုံးရှိ Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးမိုးက တောင်သူများအတွက် စိုက်ပျိုး ရေးလုပ်ငန်းနှင့် ပတ်သက်၍ မှတ်သားလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များကို မေးမြန်းဆွေးနွေးရာ၊ မြို့စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်က ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်မည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးရေးနှင့် မြေဩဇာသုံးစွဲရာတွင် မိမိစိုက်ပျိုးမည့်မြေနှင့် သင့်တော်ပြီး၊ စိုက်ပျိုးသီးနှံအမျိုးအစားအပေါ်တွင ကြည့်၍ သင့်တင့်လျှောက်ပတ်စွာ သုံးစွဲကြရေး၊ စိုက်ပျိုးရေး သီနှံအမယ်သစ်များတိုးချဲ့ စိုက်ပျိုးနိုင်ရေးနှင့် မိမိတို့ဒေသတွင် အဓိက အားထားစိုက်ပျိုးနေသည့် မြေပဲများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် ဒေသနည်းဖြင့် စိုက်ပျိုးခြင်းထက်၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်ဖြစ်သည့် (၃) လပဲခေါ် ပင်ထောင်မြေပဲကို အကွာအဝေး ၁၅ လက်မ- ၄ လက်မထား၍ လည်းကောင်း၊ (၆) လပဲခေါ် ပင်ပြန့်မြေပဲကို အကွာအဝေး ၁၈ လက်မ- ၆ လက်မ ထား၍လည်းကောင်း စိုက်ပျိုးပါက အထွက်နှုန်း ပိုမိုကောင်းမွန်နိုင်ကြောင်းတို့ကို အသိပညာပေးပြောကြားပြီး၊ လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီလိုအပ်ပါက မြို့ဦးစီးဌာနရုံးတွင် လာရောက်တွေ့ဆုံ ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ သည်။

ဖြိုးဝေ(ပြန်/ဆက်)