မှော်ဘီ ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်အဆင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်တွင် အ.ထ.က (တပ်ကြီးကုန်း) ကျောင်း၌ ကျင်းပခဲ့သည်။
မြို့နယ်အဆင့်ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦး၊ အလယ်တန်းအဆင့် ပိုစတာပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မှော်ဘီမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁၅)ကျောင်း၊ အလယ်တန်း ကျောင်း (၂၅)ကျောင်း၊ မူလတန်းကျောင်း (၂၃)ကျောင်း မှကျောင်းသူ၊ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း အဆင့် အသီးသီး တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိသော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ခရိုင်အဆင့်တွင် ဆက်လက် သွားရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးထံမှ သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)