(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပလောက်   ဒီဇင်ဘာ  ၁၇

 ပလောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကိုဗစ်၁၉ စည်းကမ်း သတ်မှတ်ချက် နှင့်အညီ လွတ်လပ်ရေးနေ့ အခမ်းအနား၊ အားကစားပြိုင်ပွဲများဖြစ်သည့်  မီနီမာရသွန်ပြေးပြိုင်ပွဲများ၊ ဖူဆယ်ပြိုင်ပွဲ၊ မီတာ (၁၀၀၊၂၀၀၊၄၀၀) အပြေးပြိုင်ပွဲ၊    ချောတိုင်တက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်၊ ခေါင်းအုံးရိုက်၊ မဲနယ်အိုး၊ စကောရွက်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ ၊မုန့်ကိုက်ပြိုင်ပွဲစသည့် လူကြီးကလေး အရွယ်စုံ ပါဝင်နိုင်သည့် ပျော်ပွဲရွှင်ပွဲများ စည်းကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ဆုချီးမြှင့်နိုင်ရေး  ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နှင်းမြူလွင်(ပလောက်)