ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံးတွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံးတွင် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယနေ့၊နံနက် (၁၁)နာရီအချိန်က လူထုအခြေပြု (Community Centre)တွင် တက္ကသိုလ်နေဝင်းရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  စာရေးဆရာမတင့်တယ်ခင်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအား ဗိုလ်ချုပ်တို့မည်ကဲ့သို့ ကြိုးပမ်းခဲ့ပုံများ၊ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့ အတွက် နိုင်ငံသားတိုင်းသိသင့်တဲ့ သမိုင်းစဉ်အချက်အလက် ဖြစ်ကြောင်း၊ လွတ်လပ်တယ် ဆိုတာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ မိမိဘာသာမိမိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနိုင်ခဲ့တာ ရှင်သန်နိုင်ခဲ့တာသည် လွတ်လပ်ခွင့်ဖြစ်ပါကြောင်း၊ လွတ်လပ်ခွင့်ဟာ နိုင်ငံသားတိုင်း တစ်ဦးချင်းဆီမှာ ရှိသလို ကိုယ်ပိုင်လွတ်လပ်ခွင့်လည်း ရှိပါကြောင်း၊ နိုင်ငံသား အားလုံးနဲ့ စုပေါင်းထားတဲ့နိုင်ငံဖြစ်ပါကြောင်း၊ ထို့ကြောင့်လွတ်လပ်ရေးကို ထိမ်းသိမ်းဖို့အတွက် လွတ်လပ် ရေးဆုံးရှုံးခဲ့ဘူးသော ကျွန်မတို့မြန်မာနိုင်ငံတော်နဲ့ သမိုင်းစဉ်ကို မေ့ပျောက်လို့မရနိုင်ပါကြောင်း၊ လွတ်လပ်ရေးနေ့တိုင်း လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို နောက်မျိုးဆက်သစ်တွေ လက်ဆင့်ကမ်း ပေးဖို့လိုပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက် ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဉီးစီးမှူးက လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာပေချစ် သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့် ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက် ရခြင်းဖြစ်ကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားသည်။ ထို့နောက်တက် ရောက်သည့် စာပေချစ်မြတ်နိုးသူများမှလည်း အသိပညာခြင်းဖလှယ်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရသည်။

စန္ဒာမိုး(ပြန်/ဆက်)