လှိုင်းဘွဲ ဒီဇင်ဘာလ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၏ လမ်းညွှန်မှုအရ မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ချေးငွေကြီးကြပ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန ရုံး၌ ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးလင်းခိုင်က မြို့နယ် အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်၊ သမဝါယမ အသင်းမှ ချေးငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကဏ္ဍအလိုက်လုပ်ငန်း များ ကြိုးစားဆောင်ရွက်ပြီး တောင်သူများအနေဖြင့် အကျိုးရှိရှိ အသုံးချတတ်၍ အကျိုးအမြတ်များ ရရှိ စေရန် စသည့် မြို့နယ်အတွင်း သမဝါယမအသင်း ဆောင်ရွက်နေသည့် လုပ်ငန်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယ အသင်းစု လီမိတက် အတွင်းရေးမှူး ဦးမြသွေးက လှိုင်းဘွဲမြို့နယ် အတွင်းရှိ သမဝါယမအသင်းများမှ China EXIM Bank ချေးငွေများတွင် (၁၅)ကြိမ်မြောက် ချေးငွေများအား ပြန်လည်ပေးဆပ်ရန် ကျန်ရှိနေခြင်း၊ (၁၆)ကြိမ်မြောက် ချေငွေများကိုလည်း ယခုဒီဇင်ဘာလ နောက်ဆုံး ပတ်တွင် ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ချေငွေများကို ပြန်လည်ပေးဆပ်မှသာ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမိုအဆင်ပြေပြေ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။ ထို့နောက် တက်ရောက်လာသော ကျေးရွာအလိုက် ချေးငွေကြီးကြပ်ရေးကော်မတီဝင်များက မိမိတို့ ကျေးရွာများတွင် သမဝါယမအသင်းချေးငွေမှ ဆောင်ရွက်နေသည့် လုပ်ငန်းနှင့် ချေငွေပြန်လည်ပေးဆပ်ရ မှုနှင့်ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာနမှတာရှိသူများ၊ မြို့နယ်သမဝါယအသင်းစုလီမိတက် ဥက္ကဋ္ဌနှင့်အမှူဆောင်များ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံသမဝါယမအသင်း(၃၆)သင်းက အမှူဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)