ဒဂုံ ဒီဇင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင်ယနေ့(၁၇-၁၂-၂၀၂၁)ရက်နေ့ နံနက်ပိုင်းက ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင်တွင် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် လှည့်ရှင်း စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက် လျက်ရှိရာ လမ်းဘေးစျေးသည်နှင့် တောင်းရမ်းစားသောက်သူများမရှိစေရန် ဒဂုံမြို့နယ် စည်ပင်သာယာရေး ဝန်ထမ်း များနှင့် ဗဟန်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ ပူးပေါင်း၍ အာဇာနည်လမ်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင်၎င်း ဦးဝိစာရလမ်း၊ ရွေတိဂုံဘုရားအနောက်ဘက်မုခ်တွင် ၎င်းရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် ၎င်းရွှေတိဂုံဘုရား မြောက်ဘက်မုခ်တို့တွင် ၎င်းလှည်းရှင်းစနစ်ဖြင့် စည်းကမ်းထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။