ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဘုတ်ပြင်း   ဒီဇင်ဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့မဈေးကြီးတွင် မီးလောင်မှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောက်မင်္ဂလာ ရပ်ကွက် ရှိ မြို့မဈေးကြီးတွင်ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ မြို့မဈေးကြီး အတွင်းရှိ ဈေးရောင်းနေသူ များနှင့် ဈေးဝယ်သူများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့်အရန်       မီးသတ် တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ စုပေါင်း မီးငြှိမ်းသတ်ခြင်းအား ဆောင်ရွက်ကြသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကိုကိုဝင်းက မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ် မီးလောင်မှု ဖြစ်ပေါ်လာပါက မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂစ်မီး အသုံးပြုသူများအနေဖြင့် မီးလောင်မှု ဖြစ်ပေါ်လာပါက၊ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့ပြသခြင်း၊ ဈေးသူဈေးသားများ ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်တပ် ဖွဲ့ဝင်များက ရေသယ်ယာဉ်၊ မီးငြှိမ်း သတ်ယာဉ်တို့ဖြင့် စုပေါင်းမီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)