ဘုတ်ပြင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ် သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်နှင့် အသိပညာဗဟုသုတ မြင့်မားပြီး စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်ဖြူဖြူသိန်း စာဖတ်ဝိုင်း ပြုလုပ် မည့် အစီအစဉ်နှင့် စာရေးသူ၏ ရည်ရွယ်ရေးသားထားမှုများနှင့် စာဖတ်ဝိုင်းမှ ရရှိမည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် (Book Club)အဖွဲ့အတွင်းရေးမှူး ဦးတင်ဦး (ပြန်/ဆက်-ငြိမ်း)က အကျင့်ထဲသို့ ဝင်ရောက်ခြင်း၊ ဝိဘဇ္ဇအကျင့် စသည့်စာအုပ်ပါအကြာင်းအရာ များကိုလည်းကောင်း၊ ဒေါ်ခင်သန်းဆင့် (စာဖတ်ပရိတ်သတ်)က မှတ်ထဲကလူနှင့် စကားပြောခြင်း (ကိုယ်ရေးဘဏ်စာရင်း)စာအုပ်ပါ အကြာင်းအရာများကိုလည်းကောင်း၊ ဒေါ်ရတနာမောင်မောင် (စာဖတ်ပရိတ်သတ်)မျှော်လင့်ချက်ရှင်သန်ပါစေ၊ ဆိုက်ဘာအာရှမြင်ကွင်းစုံ စသည့်စာအုပ်ပါ အကြာင်းအရာများကို ဆွေးနွေးကြပြီး စာပေဝါသနာရှင်များနှင့် (Book Club)အဖွဲ့ဝင်များက နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ အမြင်များကိုရှုထောင့် အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)