ဇေယျာသီရိ ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကုးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Showကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မျိုးသမီးများကိုကာကွယ်ပေးထားသည့် ဥပဒေ များအားအသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန် နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က လူကုန်ကူးမှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးမှုတွင် အသုံးပြု သည့်နည်းလမ်းများ၊ လူကုန်ကုးမှုခံရနိုင်ခြေ အများဆုံးဖြစ်စေသည့်သူများနှင့် လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် နည်းလမ်းများ အကြောင်းကို အသိ ပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
အေးလင်းထွန်း