မြဝတီမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)စာဖတ်စွမ်းရည်/ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

မြဝတီ     ဒီဇင်ဘာ    ၁၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) စာဖတ်စွမ်းရည်/ဉာဏ်စွမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက် ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး)ဒေါ် အေးအေးသီက ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့်  စာဖတ်စွမ်းရည်၊ အသိပညာဗဟုသုတ များရရှိစေရန်နှင့်စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်စွမ်းရည်/ဉာဏ်စွမ်းပဟေဠိ ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

 ထို့နောက်  ပြိုင်ပွဲကျင်းပရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၀)ဦးကို အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ဆရာမများ၏ နာသုံးနာ လက်ကိုင်ထား၍ ကျောင်းသား/ကျောင်းသူ များအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြု ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည် ဉာဏ်စမ်းမေးခွန်းများ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြပြီး   ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးသီက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)