မိုင်းလုံ ဒီဇင်ဘာလ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) မြန်မာစကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် (၁ဝ) အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ယခုလို မြန်မာစကားပုံဆက်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပြီး မိုင်းလုံမြို့နေ ကလေးငယ်များ မြန်မာစကားပုံများကို သိရှိစေရန်၊ လွတ်လပ်ရေးနေ့ကို အမြဲအမှတ်ရနေစေရန်၊ ကလေးငယ်များ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန်ရည်ရွယ်၍ စကားပုံများကို ကလေးများ အား မိနစ်(၂၀)ခန့် ဖတ်စေပြီးမှ ပြိုင်ပွဲကို ဆောင်ရွက်ပြီး ပြန်/ဆက် ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက လွတ်လပ်ရေးနှင့်သက်ဆိုင်သော အကြောင်းအရာများကိုလည်း ကလေးများအမှတ်ရစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရကလေးငယ်များအား ဆုချီးမြှင့်ပြီး ပြိုင်ပွဲဝင် ကလေးအားလုံးကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)