ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာမ မေချို (ပျဉ်းမနား) ရေးသားသည့် မြသီတာဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံဇာတ်လမ်းအဖုံဖုံ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ဒက္ခိဏသီရိ   ဒီဇင်ဘာ    ၁၇

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်း ချင်း ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌   ခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့၊ စာရေး ဆရာများနှင့် စာပေဝါသနာရှင်များက ယနေ့နံနက်(၁၀)နာရီတွင် စာရေးဆရာမ မေချို(ပျဉ်းမနား)ရေးသားသည့် မြသီတာ ဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံ ဇာတ်လမ်းအဖုံဖုံစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆွေးနွေးသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒက္ခိဏခရိုင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ မေချို (ပျဉ်းမနား) ရေးသားသည့် မြသီတာ ဂုဏ်ယူလျက်ပါနှင့် ဘဝအတွေ့အကြုံဇာတ်လမ်းအဖုံဖုံ စာအုပ်တွင်ပါရှိသည့် အနာဂတ်ကြယ်ပွင့်များ မကြွေလွင့်စေချင်၊ လမင်းရောင်နှလုံးသား၊ ထိုက်တန်သည့်ဆု၊ အကျည်းတန် အရိပ်များ ကင်းပါစေ၊ မြသီတာ ဂုဏ်ယူလျက်ပါ ၊ ဥစ္စာစု ထိုက်သူစို့၊ အနာဂါတ်ပန်းများ မနွမ်းစေချင်ပါ၊ မြူမှောင်ကင်း၍ လမင်းသာလေပြီ စသည့် ခေါင်းစဉ်များအလိုက် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)