မြစ်သား ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ရှေ့ရှိမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်အသစ်လဲလှည် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် သိရှိရန်လိုအပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်း စဉ်(၅)ရပ် မှတ်တမ်းဓါတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံ ဗွီနိုင်းပိုစတာများကို မြေစိုက်နံရံကပ်ပြဘုတ် တွင် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
မြမြမွန်(မြစ်သား)