ခရမ်း ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူး၍ ကျေးလက်နေ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦး ပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ် ဒေါပုံစု ကျေးရွာတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့က ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းမှ သိရှိရသည်။
အဆိုပါ သင်တန်းကို ခရမ်းမြို့နယ် ကြက်ခြေနီအသင်း တပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျေးရွာများသို့ ကွင်းဆင်းကာ စာတွေ့၊လက်တွေ့ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျေးရွာတစ်ရွာလျှင် သင်တန်းသား/သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းထူးချွန်သူများကို ဆုများ ပေးအပ်ချီးမြှင်ခဲ့ပြီး သင်တန်းတက်ရောက်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကိုမင်း