တံတား ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ယမန်နေ့နံနက်(၉)နာရီက တံတားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒု−လ.ဝ.ကမှူး ဒေါ်နီလာချစ်ဆွေဦးဆောင်၍ ဝန်ထမ်းများက တံတားမြို့ရပ်ကွက်အတွင်း နေထိုင်ကြသော အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများနှင် အသစ်လဲလှယ်သူများအား ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေး ရရှိစေရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လူဦးရေ(၁၀၁)ဦး လာရောက်ပြုလုပ်၊လဲလှယ်ခဲ့ကြောင်းသိရသည်။
မိုးဖြူလွင်(ပြန်ဆက်)