သံတောင်မြို့ ပြည်သူ့စာကြည့်တိုက် Community   Centre  တွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအသိပညာပေး Talk   Show  ဆောင်ရွက်

 

သံတောင်ကြီး     ဒီဇင်ဘာ    ၁၇

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် မသန်စွမ်းသူများ၏အခွင့်အရေး များကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းမှတဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိ ပညာပေး Talk   Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက် Community   Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk   Show  ပြုလုပ်ရခြင်းရည်ရွယ်ချက် များကို ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းက လူမှုဝန်ထမ်း ဦးစီးဌာနမှ မသန်စွမ်းသူများဆောင်ရွက်ပေးနေမှုအခြေအနေ၊ မသန်စွမ်းသူများအလုပ်အကိုင်ရရှိ ရေးအတွက် သင်တန်းကျောင်းနေရာများ၊ မသန်စွမ်းသူဟုသတ်မှတ်ထားသော အမျိုးအစားများနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသိသင့်သည်များအား  အကျယ်တဝင့် ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)