ဝေါလေမြိုင် ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများ အသိပညာ ဗဟုသုတများ ရရှိ စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြသဆောင်ရွက်သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ မသန်စွမ်းသူများအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ မသန်စွမ်းသူများအား ကူညီကာကွယ် စောင့်ရှောက်နိုင်မည့် နည်းလမ်းများ၊ မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ်-၁၉ရောဂါဆိုင်ရာ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ် အဖြစ် ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နိုင်မျိုးသင်း