နမ့်ဆန် ဒီဇင်ဘာ ၁၇
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ဆောင်ရွက်ချက် ဗွီနိုင်းပိုစတာများဖြင့် ပြသဆောင်ရွက်ထားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများပါဝင်သည့် ဗွီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများပါဝင်သည့် ဗွီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဒေသ(ပြန်/ဆက်)