ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

 ပိုင်ကျုံ   ဒီဇင်ဘာ   ၁၇                               

ကျောင်းသား/ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများရရှိစေရန်၊ ကလေးများကို ကာကွယ်သည့် ဥပဒေများ၊ ကလေးအလုပ်သမားအကြောင်း သိရှိစေရန် ရည်ရွယ်၍  ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန   ( Community Centre)  ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်‌နော်ခူးခူးက အသက် ၁၄နှစ်မှ ၁၆နှစ်အထိ ကလေးအလုပ်သမားများကို ခိုင်းစေလိုပါက မှတ်ပုံတင်ဆရာဝန်၏ ထောက်ခံချက် ပါရှိရန်လိုကြောင်း၊ ကလေးများကို အန္တရာယ်ရှိစေမည့် အလုပ်၊ ပြင်းထန်ပြီး ထိခိုက်ဒဏ်ရာရစေမည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာ လုပ်ရသောအလုပ်များကို စေခိုင်းခြင်းမပြုလုပ်ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ၊ အကြမ်းဖက်ခံရခြင်းများမဖြစ်စေရန် ဥပဒေများထုတ်ပြန်ထားကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)