နမ့်ခမ်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနရုံး၏ နံရံကပ်ပြဘုတ်များတွင် အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံ ပြဘုတ်များကို လစဉ်ဆောင်ရွက်ပြသလျက်ရှိရာ ယနေ့နံနက်ပိုင် (၁၁) နာရီအချိန်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့၏ မှတ်တမ်းဓာတ်ပုံများအား ဓာတ်ပုံပြဘုတ်အဖြစ် ပြသဆောင်ရွက် ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်နှင့် သိရှိနိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကောင်အထည်ဖော် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ မှတ်တမ်းဓာတ်ပုံများနှင့် ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ဗီနိုင်း ပိုစတာဖြင့် ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)