လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင် ပြောပြိုင်ပွဲကျင်းပ

လယ်ဝေး ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယမန့်နေ့ မွန်းတည့် (၁၂) နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မူလတန်းလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၀) ဦးတို့က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျေးဇူး ရှင်ကို ပြစ်မှားသောမြေခွေး၊ ဆုံးမစကား၊ စေတနာအကျိုး၊ မေမေ့စကား၊ ဉာဏ်ပညာကြီးမားသော ယုန်ကလေး၊ သစ္စာမဲ့သည့်ဝံပုလွေ၊ ဘဝတန်ဖိုး၊ စည်းလုံးညီညွတ်စွာနေထိုင်ခြင်းအကျိုး၊ စိတ်ထား ကောင်းသောအဘွားအို၊ အရှုံးမပေးပါနဲ့ စသည့်ပုံပြင်များဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။

ထို့နောက် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် မအိဖြူစံ၊  ဒုတိယဆုရရှိသည့် မောင်အောင်မြင်ကျော်ဇော၊ တတိယဆု ရရှိသည့် မရည်မွန်သူတို့အား မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)