ဟိုပန် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ ဟိုပန်မြို့နယ်တွင် အိုမီကရွန် အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို ဟိုပန်မြို့ပေါ်ရှိ ရုံးကုန်းရပ်ကွက်နှင့် ရွှေဝါကျေးရွာများသို့ သွားရောက်၍ အသိပညာပေးဆော်ဩရေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆော်ဩရေး ပြုလုပ်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာများရှိ မိဘ ပြည်သူများအနေဖြင့် အိုမီကရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရန် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကို စက္ကန့်နှစ်ဆယ်ကြာ အောင်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ၊ ရောဂါပိုးကူးစက်ခံထားရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်၊ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်စသည့်အချက်များကို လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)