လယ်ဝေး ဒီဇင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန) တွင် ယမန့်နေ့နံနက် (၉) နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မူလတန်းလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာများ ဖြစ်သည့် လွတ်လပ်ရေးနေ့ကဗျာ၊ မမေ့အပ်သောနေ့ရက်များ၊ လွတ်လပ်ရေးနှင့်တာဝန်၊ သွေးချင်းတို့၏ ကပွဲသဘင်၊ ငြိမ်းချမ်းတဲ့မြန်မာပြည်၊ ငါတို့ပြည်ထောင်စုစသည့် ခေါင်းစဉ်များဖြင့် ရွတ်ဆိုပြိုင်ပွဲဝင်ခဲ့ကြ သည်။
ထို့နောက် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မခြူးခေတ်သံသာ၊ ဒုတိယဆု ရရှိသည့် မခွန်းချိုလင်း၊ တတိယဆုရရှိသည့် မဇင်လဲ့လဲ့ဝင်းတို့အား မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သိန်းသိန်း နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)