တာချီလိတ် ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်လုံး Quarantine Centre တွင် ရောက်ရှိနေသော ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာအလုပ်သမား စုစုပေါင်း (၆၂) ဦးတို့သည် ရောဂါပိုးကင်းစင်သဖြင့် တာဝန်ရှိသူများမှ ယနေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် မိမိနေရပ်သို့ ပြန်လည်ထွက်ခွာခွင့် ပြုလိုက်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အမျိုးသမီး (၄) ဦး၊ အမျိုးသား ( ၁၉) ဦး၊ စုစုပေါင်း (၂၃) ဦးကိုမူ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒေသခံ( ၃၉) ဦးတို့က မိမိတို့အစီအစဉ်ဖြင့် နေရပ်သို့ပြန်ကြကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ နေရပ်ပြန်များသည် ဒီဇင်ဘာ (၃) ရက်နေ့က ပြန်လာကြသူများဖြစ်ပြီး ဝမ်လုံး Quarantine Centre တွင် ထားရှိကာ သုံးရက်မြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ထပ်မံရယူ စစ်ဆေးရာ၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် (၁၄) ရက် Quarantine ထားရှိကာ ဒုတိယအကြိမ် နှာခေါင်းနှင့်အာခေါင်တို့ဖတ် ရယူစစ်ဆေးပြီးနောက် ရောဂါပိုး ကင်းစင်သဖြင့် မိမိနေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်သည်။
နေရပ်သို့ပြန်ကြမည့်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မေတ္တာရှင် လူမှုကူညီရေးအဖွဲ့က ထမင်းထုတ်များကို ဝေငှပေးခဲ့ကြောင်း သိရသည်။
ယာဆေး ( ပြန်/ဆက်)