ချမ်းအေးသာစံ ဒီဇင်ဘာ ၁၇
ချမ်းအေးသာစံမြို့နယ်တွင် ကိုဗစ်-19 ရောဂါ ကာကွယ်ဆေးများ Phase-5 First Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် နံနက်ပိုင်း၌ ချမ်းအေးသာစံမြို့နယ် အရှေ့ခြမ်းရှိ ရပ်ကွက် ၁၀ ရပ်ကွက်အတွက် ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် ဝါခင်းကုန်းစုရပ်တွင် ကန်ကောက်ရပ်ကွက်တွင် နေထိုင်သူ ၂၂၂ ဦး၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ပြည်ကြီးမျက်မှန်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ပြည်ကြီးပျော်ဖွယ်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ရန်မျိုးလုံရပ်ကွက်တွင် နေထိုင်သူ ၅၀ ဦးကို ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဆုတောင်းရဘုရား စုရပ်တွင် စိတ္တရမဟီရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ မောရဂီဝါရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ကဉ္စနမဟီရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ဟေမာဇလရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ဦး၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်တွင် နေထိုင်သူ ၅၀ ဦး၊ မြို့နယ်တွင် စုစုပေါင်း လူဦးရေ ၁၀၂၂ ဦးကို ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် နေ့လယ်ပိုင်းတွင်လည်း ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ကျန်ရပ်ကွက်များတွင်လည်း ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်