ကမမောင်း ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေး နှင့် ပတ်သက်၍ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်အေးက(TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့၀င် ဒေါ်မိမာကြည်က ကလေးအလုပ်သမား ပပျောက်ရေးအတွက် အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုခံရသည့်အလုပ်တို့ လုပ်ကိုင်နေရသည့် ကလေးငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှု ထိခိုက်နိုင်သည်များ၊ ကလေးများအတွက် အန္တရာယ် ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ၊ လုပ်ငန်းပိုင်ရှင်များအနေဖြင့် ကလေးများ ကို ကာကွယ်စောင့်ရှောက်ရန်နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးငယ်များ ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူပိုင်ခွင့်၊ မတော်မတရားပြုမှု၊ အကြမ်း ဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာအကွယ် ပေးခံပိုင်ခွင့်၊ ပါဝင်ခွင့်၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်နှင့်သက်ဆိုင်သည့်ဥပဒေများ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီး ဌာနမှ စည်းကျပ်လျက်ရှိသောဥပဒေများ စသည့်အကြောင်း အရာများကို Online မှ တစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)