မရမ်းကုန်း ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲက အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၉း၀၀နာရီ အချိန်မှ စတင်ကာ အမှတ် (၁)ရပ်ကွက်၊ ပဌာန်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဖွင့်လှစ်သည့် (၃)ရက်တာကာအတွင်း ဆရာ၊ ဆရာမများက ရှေးဦးပြုစုခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြား ပြသခဲ့ပြီး သင်တန်းဆင်းပွဲ၌ စာမေးပွဲဖြေဆိုခြင်း၊ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခြင်းနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။