ဖာပွန် ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန် အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး အိမ်အတွင်း၌သာနေထိုင်ကြရန်၊ အခြားသူများ ထံသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပါဖြင့် စနစ်တကျဆေးကြောကြရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှရှောင်ကြဉ်ကြရန်၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များ ကိုရွေးချယ် စားသုံးကြရန်၊ အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသောက်ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက အချိန်နှင့်တပြေးညီထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါရန်၊ မိမိတို့၌ ရောဂါပိုးရှိသည်ဟု သံသယဝင်ပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်ပြီးဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ် တောက်ရန် အတွက် မိဘပြည်သူများအားလုံးပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စကောကရင် ၊မြန်မာနှစ်ဘာသာဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ Hand Speaker ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)