ကော့သောင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့်ကျေးရွာများအလိုက်ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျှက်ရှိရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ နှင့် ဘန်းကချွှန်ကျေးရွာများမှ ကျေးလက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်အသီးသီး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားပြီး ပထမကြိမ်ဆေးထိုးနှံပြီးသူ အသက် (၁၈)နှစ်အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးလျှက်ရှိပြီး ယနေ့ ပထမကြိမ်ဆေးထိုးနှံပြီးသူ ပုလုံးတုံတုံးကျေးရွာပြည်သူ မှ (၃၀၀)ကျော်ခန့်နှင့် ဘန်းက ချွန်ကျေးရွာမှ(၃၀၀)ဦး ကို ဒုတိယအကြိမ်အဖြစ်ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ ပေးခြင်းဖြစ်ပြီးကော့သောင်းမြို့နယ်အနေဖြင့် ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၏ စာရင်းဇယားအချက်အလက်များအရ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၄၇၄၀၉)ဦးရှိပြီးဖြစ်ကြောင်း၊ တစ်မြို့နယ်လုံးရှိလူဦးရေအရ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံခြင်း လွှမ်းခြုံနိုင်မှု(၅၁.၉၆)ရာခိုင်နှုန်းခန့် ရှိပြီးဖြစ်ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)