မတ္တရာမြို့နယ်၌ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

မတ္တရာ    ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ယနေ့ နံနက်က မြို့နယ်အားကစားရုံတွင် ဆက်လက် ထိုးနှံပေးခဲ့သည်။

ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ရက်နေ့အထိ (၆၃၆၇၈)ဦးအား ပထမအကြိမ်နှင့် ( ၄၇၃၉၆ )ဦး အား ဒုတိယအကြိမ် အဖြစ် ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေသူများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)