ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း အသိပညာပေးအစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲ ရှိသူများနှင့် ကျောင်းသား/သူ ကလေးများအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချုတတ်စေရန်၊ တီထွင်ဖန်တီးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာကြည့်တိုက်ကို အသုံးပြု တတ်လာစေရန် ရည်ရွယ်၍ ပုံပြောခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ စာအုပ် မိတ်ဆက်ခြင်းများကို တင်ဆက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် စာဖတ်ပရိတ်သတ် မပန်းအိစံက ပုံပြင်ပြောခြင်းအစီအစဉ်ကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေး ခဲ့ကြောင်း သိရသည်။ 

မျိုးသီဟ(ပြန်/ဆက်)