ဒဂုံ ဒီဇင်ဘာ ၁၆ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများကို ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအလွယ်တကူ ဖတ်ရှု့ လေ့လာသိရှိစေရန်အတွက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အတွက် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက် (၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ် တမ်းဓါတ်ပုံများအပါအဝင် ဗီနိုင်းပိုစတာများ ဖြင့်ဝေဝေဆာဆာပြသထား ကြောင်းသိရသည်။
ဒဂုံမြို့နယ်(ပြန်/ဆက်)