ကျောက်တံတားမြို့နယ်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်ဦးတည်ချက်(၉)ရပ်တွင်ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများပြသ

ကျောက်တံတား၊ ဒီဇင်ဘာ  ၁၆ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံ များကို ပြသထားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအလွယ် တကူဖတ်ရှု့ လေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်အတွက်ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ် တမ်းဓါတ်ပုံများအပါအဝင် ဗီနိုင်း ပိုစတာများကိုပြသထားကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)