အင်းစိန်၊ ဒီဇင်ဘာလ(၁၆)ရက်
မသန်စွမ်းနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်၍ အသိပညာပေးဆွေနွေးခြင်းကို ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေနွေးပွဲတွင်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခင်နှင်းကြည်တို့က မသန်စွမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်အတွင်းမှာ မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း ကွန်ပျူတာသင်တန်း၊ ဓာတ်ပုံပညာသင်တန်း၊ ဆံပင်ညှပ်သင်တန်း၊ ပန်းချီသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက မသန်စွမ်းသူများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးနေမှုကိုရှင်းပြသည်။
ဆွေးနွေးပွဲကို မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း အသိပညာပေး လုပ်ငန်းများကို Talk Show များဆောင်ရွက်ပြီး Online ကနေတဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အေးအေးခိုင် (ပြန်/ဆက်)