ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၅၃)ဦး အား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသသို့ ဆက်လက်ပို့ဆောင်

လားရှိုး   ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ ()ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက်လာ သည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ (၂၂ )ရက်နေ့တွင် နေရပ်ပြန် ပြည်သူ အမျိုးသား  (၂၇)ဦး အမျိုးသမီး(၂၆)ဦး စုစုပေါင်း (၅၃)ဦးတို့အား စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၅၃)ဦးတို့တွင်  စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၉)ဦး၊  ပဲခူးတိုင်း ဒေသကြီးမှ ()ဦး မကွေးတိုင်းဒေသကြီးမှ (၁၆)ဦး မန္တလေးတိုင်းဒေသကြီးမှ()ဦး ရခိုင် ပြည်နယ်မှ ()ဦး   ရန်ကုန်တိုင်းဒေသကြီးမှ ()ဦးတို့ဖြစ်ကြပါသည်။ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှ တစ်ဆင့်ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ()ရက်နေ့မှဩဂုတ်(၂၂) ရက်နေ့အထိ အမျိုးသား (၉၃၆၀)ဦး အမျိုးသမီး (၅၈၈၇) ဦး  စုစုပေါင်း (၁၅၂၄၇) ဦးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး