အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း သွားရောက်၍ မဲစာရင်းများ စစ်‌‌ဆေးဆောင်ရွက်

မန္တလေး ဩဂုတ် ၂၂

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်း သွားရောက်၍ မဲစာရင်းများ စစ်‌‌ဆေး‌ဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲကလည်း ရပ်ကွက်များ အလိုက်ဆက်လက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဲစာရင်းများ စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် ရာအိမ်မှူးများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်ကြ၍ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုရှိ၊ မရှိနှင့် မှန်ကန်မှုရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေး ကြည့်ရှု‌စေကာ ပါဝင်မှုနှင့် မှန်ကန်မှု မရှိခဲ့ပါက အချိန်မီ ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် စစ်ဆေး ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)