တောင်သာမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိသည့် စျေးဆိုင်များအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုက်လံစစ်ဆေး

 

တောင်သာ ဩဂုတ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း မရှိသည့်ဆိုင်များအား ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ယမန်နေ့ နံနက်()နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ ထမင်းဆိုင်၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များတွင်   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လက်ဆေးရန် ဘေစင်များရှိ/မရှိ စားသုံးသူနှင့်စားသောက်ဆိုင်ပိုင်ရှင်များ နှာခေါင်းစည်း(Mask) တပ်ဆင်ထားခြင်းရှိ/မရှိ၊ တစ်ဦးနှင့် တစ်ဦး()ပေအကွာတွင် ထားရှိခြင်းရှိ/မရှိနှင့် လက်သန့်ဆေးများ ထားရှိခြင်းရှိ/မရှိ တို့ကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များမှ လိုက်လံ စစ်ဆေးခဲ့ကြပြီး  ညွှန်ကြားချက်များ လိုက်နာမှုမရှိသည့်  ဆိုင်ပိုင်ရှင်များအား ပထမအကြိမ်  ဝန်ခံကတိ လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအကြိမ်  ဒဏ်ရိုက်ခြင်း၊ တတိယအကြိမ် ရက်အကန့်အသတ်မရှိ ဆိုင်ပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)