လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် မဲဆန္ဒရှင်စာရင်းကို တစ်အိမ်တက်ဆင်းတိုက်ဆိုင်စစ်ဆေး

ပင်လုံ    ဩဂုတ်  

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည့်မဲန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက တာဝန်ကျရာ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းများကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ မဲဆန္ဒနယ်()တွင် လက်ရှိအချိန်ကာလအထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၄၆၅၂၇)ဦးရှိပြီး လျာထားမဲရုံအရေအတွက်မှာ (၂၈)ရုံရှိကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ