ပင်းတယမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ ်ထိန်းချုပ်နိုင်ရေး လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ပင်းတယ  ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  လိုက်နာရမည့် အချက်များ အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။

ယင်းနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်သည် နိုင်ငံတစ်ချို့၌ ကူးစက်ပျံ့နှံ့နေပြီဖြစ်ရာ  အရေးကြီးဆုံးမှာ မိဘပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား အတိအကျ လိုက်နာ ကြရန် လိုအပ်ကြောင်း ၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိ ရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အများသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ် မနေ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊  Mask မတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန် ၊လက်ကို မကြာခဏဆေးကြောကြရန်၊ လက်ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း ၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်စသည့်အချက်များ လိုက်နာကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပင်းတယ (ဒေသ ပြန်/ ဆက်)