မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား ဩဂုတ် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နေအိမ်အပြင်ထွက်လျှင် (mask) များ မဖြစ်မနေတပ်ဆင်သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရန်နိုင်ထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ကျန်းမာရေးဝန်းများ ပူးပေါင်း၍ မြို့မရပ်ကွက်ရှိ ရေစင်ကွင်းဈေး၊ အမှတ်(၁)ဈေးနှင့် အမှတ်(၂)ဈေးအတွင်း ဈေးရောင်၊ ဈေးဝယ်ပြည်သူများနှင့် အောင်ဆန်းလမ်းနှင့် ဆမားလမ်းဆုံတို့တွင် လမ်းသွား၊ လမ်းလာပြည်သူများ (mask) တပ်ဆင်ခြင်းရှိမရှိ လိုက်လံ စစ်ဆေးပြီး (mask) တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဒဏ်ငွေ (၁၀၀၀) ကျပ်ဖြင့် (mask) များ ဖြန့်ဝေတပ်ဆင်ပေးခြင်း၊ ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း (mask)များ မဖြစ်မနေတပ်ဆင်ရန်နှင့် အားကစားနှင့်ကျန်းမာရေးဝန်ကြီ းဌာန၏ ထုတ်ပြန်ကြေညာချက်နှင့်အညီ သွားလာကြရန် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။               

စိန်ဝင်း(ပြန်/ဆက်)