မိုးကောင်း ဩဂုတ် ၂၂
ယမန်နေ့နံနက်ပိုင်းက ထိုပူးဘူတာနှင့်ဆားမှော်ဘူတာကြား၌ မီးရထားမိုင်တိုင် ၆၇၅/၁၃-၁၄ ကြား တံတား အမှတ် ၆၅၅သည် ရေတိုက်စား၍ တာပေါင်မြေပြိုကျကာ မန္တလေးဘက်ရှိ ကမ်းကပ်ခုံ ဝဲဘက်အခြမ်း(၆)လက်မနိမ့်ဆင်းသွားပြီး သံလမ်းတွန့်သွားသဖြင့် မြစ်ကြီးနာ-မန္တလေးလမ်းပိုင်း ရထားပြေးဆွဲခြင်း ယာယီရပ်ဆိုင်းခဲ့ရပြီး တာဝန်ရှိသူများပူးပေါင်းပြုပြင်ဆောင်ရွက်ပြီးစီး၍ ယနေ့နံနက် (၉)နာရီ(၂၀)မိနစ်ခန့်တွင် ရထားလမ်းပြန်လည်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း၊ ယမန်နေ့ ကတည်းက ဆိုက်ရောက်နေသော အမှတ်(၅၆)အစုန်အထူးအမြန်ရထားကို ယနေ့နံနက်ပိုင်းတွင် စတင်လွှတ်ခဲ့ကြောင်း မိုးကောင်း ဘူတာရုံပိုင်ကြီးထံမှ သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)