ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား On-line မှ တစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူက လေးသူငယ်များအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာဖတ်သော အလေ့အကျင့်ကောင်း များဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်ပြီးအများပြည် သူများအား ကွင်းဆင်း၍လည်းကောင်း Online မှတဆင့်လည်းကောင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ အများပြည်သူများအား ဝန်ဆောင်မှုလုပ်ငန်းများအားဆောင်ရွက်ပေးလျက်ရှိ၌ ယနေ့နေ့လယ်ပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးသူငယ် များအား ကြည့်ရှုနားထောင်နိုင်ဖို့အတွက် ပုံပြင်ဖတ်ပြောကြားခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြည်သူများ အနေဖြင့် IPRD kyair inn seikkyi facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်းသိရသည်။

မျိုးမင်းဦး