အင်ဂျန်းယန် သြဂုတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် နိုင်ငံတော်မှထောက်ပံ့သည့် အခမ်းအနားကို ဩဂုတ်(၂၀)ရက်နေ့ နံနက် (၉) နာရီက အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းကိုကိုက အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု (၁၀)စု၊ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၂၆)စုနှင့် အမှတ်(၄)ရပ်ကွက်ရှိ အိမ်ထောင်စု (၅၂)စု၊ စုစုပေါင်းအိမ်ထောင်စု (၈၈)စုအား ကျပ်တစ်ဆယ့်ခုနစ်သိန်းခြောက်သောင်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းကျန်ရှိနေသည့် အင်ဝိုင်း ကောင်ကျေးရွာရှိ အိမ်ထောင်စု (၉၉)စုနှင့် မြစ်ဆုံကျေးရွာ အုပ်စုရှိ အိမ်ထောင်စု (၁၈၁)စုတို့ကို ကျေးရွာအရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်စိုးနိုင်(ပြန်/ဆက်)